Saturday, June 13, 2015

ဖုန်းနည်းပညာ

ဝါရှင်တန် တက္ကသိုလ်မှ သုတေသန ပညာရှင်များက ဖုန်း Wi-Fi ကနေ တစ်ဆင့် အားသွင်းလို့ရမယ့် နည်းပညာကို တီထွင်အောင်မြင်သွားပါပြီ။ iPhone အပြင် ဘယ် ဖုန်း အမျိုးအစားမှာမဆို အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ Wi-Fi ဖြစ်တာကြောင့် အားသွင်းမယ်ဆိုရင် Wi-Fi မိတဲ့ ဧရိယာ အတွင်းကနေ ဒီတိုင်းထားရုံနဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ အားလွတ်ပေးမယ့် Source က Electric current ကို ရေဒီယိုလိုင်း အဖြစ် ပြောင်းလဲပြီး လေထဲလွတ်ပါမယ်။ သာမန် ရေဒီယိုလိုင်း တစ်ခုပမာ ဖြစ်တာကြောင့် လူတွေကို မထိခိုက်စေပါဘူး။ ယင်း ရေဒီယိုလိုင်းကို လက်ခံတဲ့ ဖုန်းက system တစ်ခု ထည့်ထားရန် လိုအပ်ပြီး ယင်း System က ရလာတဲ့ ယင်း ရေဒီယိုလှိုင်း သီးသန့်အမျိုးအစားကို ဖမ်းယူပြီးတော့ DC Current ဖြစ်အောင် ပြန်ပြောင်းပေးပါတယ်။ ဒါကြောင့်မို့ ရေဒီယိုလိုင်းဟာ လျှပ်စစ်အဖြစ် ပြန်လည်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ယင်းမှာ လွတ်တဲ့ ရေဒီယိုလိုင်းကို နည်းလမ်းပေါင်းစုံ regulate လုပ်နိုင်ပါတယ်။ သဘောတရားကတော့ အားများရင် ဖုန်းမှာ ပါဝင်တဲ့ buil-in ဝိုင်ဖိုင် ပစ္စည်းကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်မို့ Wi-Fi ပစ္စည်းကိုလည်း မထိခိုက်စေမယ့် နည်းပညာကိုပါ ဖန်တီးရမှာ ဖြစ်ပါတယ်။ ယင်းတီထွင်မှုကို ဖုန်း ကုမ္ဗဏီများသို့ ပြန်လည်ရောင်းချဖွယ် ရှိပါတယ်။ ဒါကြောင့်မို့ လက်ရှိ ဖုန်း ကုမ္ဗဏီများ အနေနဲ့ ယင်း နည်းပညာကို software update မှာ ပါဝင် ထည့်ပေးလိုက်ရုံနဲ့ မော်ဒယ်ဟောင်း ဖုန်းများကိုပါ ဝိုင်ဖိုင်ကနေ အားသွင်းနိုင်စေမှာ ဖြစ်ပါတယ်။ credit to myanmar mobile app store

No comments:

Post a Comment